Main menu

လေးမျက်နှာမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၁၇) ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် လေးမျက်နှာမြို့၊ လှော်ကထားအုပ်စုရှိ လှော်ကထားတိုက်နယ် ပြည်သူ့ဆေးရုံ ရုံးခန်းမ၌  ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင်  စားသုံးသူ‌‌‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေ များအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှု များနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက် အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်း များ၊ စားသုံးသူမိဘပြည်သူ များအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)