Main menu

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးမှူးရုံးတွင် အမှတ်(၁)ရပ်ကွက် ပြန်ကျဈေးရှိ ကုန်မျိုးစုံ ရောင်းချသော ဆိုင်ရှင်များအား စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊   မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်း များသည် (၁၇-၁၂-၂၀၂၄)ရက်နေ့ နံနက်(၁၀;၀၀)နာရီတွင် အမှတ်(၁)ရပ်ကွက် ပြန်ကျဈေးရှိ ကုန်မျိုးစုံရောင်းချသော ဆိုင်ရှင်များအား  Online  SaIe  ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံဆိုင်ရှင်များအား Online SaIe ဖြင့် ရောင်းချနေသူများအနေဖြင့်      မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန် လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း ရောင်းချ မည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online   Sale  Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online   Sale  Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်နိုင် ကြောင်းနှင့်   www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online   Shopping   မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online   မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသို့ ကုန်မျိုးစုံဆိုင်ရှင်(၁၉)ဦး တက် ရောက်ပါသည်။

DOCA(ဧရာဝတီ)