
BAJAJ အမှတ်တံဆိပ် လူစီးသုံးဘီးကုမ္ပဏီမှ တာဝန်ယူစီစဉ်သော ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လူစီးသုံးဘီးယာဉ် ပြုပြင်ထိန်းသိမ်းခြင်း ပညာဒါန (အခမဲ့)သင်တန်းဖွင့်ပွဲကို ၁၆.၁၂.၂၀၂၄ ရက်နေ့ မနက် (၀၉:၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ပါသည်၊၊
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ BAJAJ သုံးဘီးကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း ၊ BAJAJ သုံးဘီးကုမ္ပဏီ၏ နိုင်ငံခြားသား ပညာရှင်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အမှတ်တရ မှတ်တမ်း ဓာတ်ပုံရိုက်ကူးပါသည်၊၊ အဆိုပါ လူစီးသုံးဘီးယာဉ် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းကို ၁၆.၁၂.၂၀၂၄ ရက်နေ့မှ ၂၆.၁၂.၂၀၂၄ ရက်နေ့ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသားဦးရေ (၃၄) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)