
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၇.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကံမမြို့ပေါ်၌ ဆန်ရောင်းချ နေသော လက်လီ၊ လက်ကား အရောင်းဆိုင်(၆)ဆိုင်သို့ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyROတွင် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန် ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MyROတွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့နှင့် နောက်ပိုင်းတွင် www.myro. com.mm၌ မှတ်ပုံတင်လျှောက်ထားမှု မရှိသည်ကို စိစစ်တွေ့ရှိရပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် ဈေးနှုန်းများ အတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများ ပြည်သူများသို့ ရောင်းချစေရေး အသိပညာပေး ပြောကြားခဲ့ပြီး ရောင်းချသည့်ဈေးနှုန်းနှင့် လက်ကျန်စာရင်းများကောက်ယူခဲ့ကြောင်း သိရပါသည်။
DOCA(မကွေး)