Main menu

စားအုန်းဆီရောင်းချဖြန့်ဖြူးသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးက ၁၂.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အတွင်း စားအုန်းဆီရောင်းချလျက်ရှိသော ဆီလက်ကားကိုယ်စားလှယ်(၂၀)ဦးနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း အိမ်ထောင်စုအလိုက်ရောင်းချမှုအခြေအနေများ၊ လက်လီ၊လက်ကားဖြန့်ဖြူးမှုအခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းဒေသကြီးဦးစီးမှူးက “စားအုန်းဆီများဖြန့်ဖြူးရာတွင် မြို့နယ်အလိုက် ညီညွတ်မျှတမှုရှိစေရန်၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်”၊ တိုင်းဒေသကြီးအတွင်း ခွဲဝေပေးထားသော စက်မှုလုပ်ငန်းသုံးဆီများအား မိမိလုပ်ငန်းတွင်သာအသုံးပြုရန်၊ အခြားတိုင်းဒေသကြီးများမှ စီးဝင်နေသောဆီများရှိပါက ဝယ်ယူရောင်းချခြင်းမပြုလုပ်ရန်နှင့် ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်သောကြောင့် မှန်မှန်ကန်ကန် ဆောင်ရွက်စေလိုကြောင်း မှာကြားဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)