Main menu

ကံမမြို့တွင် အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၃-၁၂-၂၀၂၄)ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တာဝန်ခံက Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် အမိန့်ကြော်ငြာစာများကိုလည်းကောင်း၊ Online စနစ်ဖြင့် ရောင်းချ ရာတွင် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြား ရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline (1535) သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူး ရုံးတွင် လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များဖြင့် ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)