Main menu

ကံမမြို့၌ စားသုံးသူပြည်သူများအတွက် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုအား ကြပ်မတ်ဆောင်ရွက်

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၆.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့၊ အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆီဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်ရဲ တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အဖွဲ့စုံဖြင့်  ‌ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

 ထိုသို့ ကြပ်မတ်ဆောင်ရွက်ရာတွင် ကံမမြို့၊ အမှတ်(၃၊၄)ရပ်ကွက်ရှိ မျိုးဆီဆိုင်နှင့် လှိုင်ဆီ ဆိုင်သို့လည်းကောင်း၊ အမှတ်(၁၊၂)ရပ်ကွက်ရှိ ရွှေတိုးဆီဆိုင်နှင့် ဟိန်းဆီဆိုင်သို့လည်းကောင်း စားသုံးသူပြည်သူများအတွက် စားအုန်းဆီရောင်းချပေးနေမှုအား ‌ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          DOCA(မကွေး)