Main menu

နေကြာစိုက်ပျိုးသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

            (၁၇.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် တာဝန်ခံနှင့် တာဝန်ရှိသူများသည် မြို့နယ်စားသုံးသူရေးရာဦးစီးမှူးရုံး အစည်း အဝေးခန်းမတွင် ဓနုဖြူမြို့နယ်နေကြာစိုက်ပျိုးသူ လုပ်ငန်းရှင်(၁၀)ဦး နှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ် ရေး အသိပညာ ပေးဟော ပြောခဲ့ကြသည်။

            ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်ကိစ္စရပ် ကိုရှင်းလင်း ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ ကိုရှင်းလင်းခြင်း၊ စားသုံးဆီဖူလုံဖို့ နေကြာပင် စိုက်ပျိုးစို့ ဆိုသည်အတိုင်း၊ မြို့နယ်တွင်း စားသုံးဆီဖူလုံရန် ဆီထွက်သီးနှံစိုက်ပျိုး ကိုတိုးချဲ့စိုက်ပျိုး သင့်ကြောင်း၊ နေကြာထွက်ရှိမှုမှ ဆီကြိတ်ခွဲ၍ နေကြာဆီသည် မပြည့်ဝဆီဖြစ်ပြီး သင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့် သွေးတွင်းအဆီဓာတ်(HDL)ကို မြင့်တက်စေနိုင်ပြီး မကောင်းသည့် အဆီဓာတ်(LDL)ကို လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား (၂) ဆီးချို ရောဂါ စသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်သည့်အတွက် ကျန်းမာရေးအထောက်အကူ ပြုသော သီးနှံတစ်ခုဖြစ်သည်။ နေကြာဆီသည် မှိုပါဝင်မှုမရှိခြင်း၊ အနံ့အရသာကောင်းမွန်ခြင်း၊ အကြော်ခံခြင်းတို့ကြောင့် ကျန်းမာရေးနှင့် သင့်လျော်သည့် စားသုံးဆီအဖြစ် ဈေးကွက်တွင်ကော်မွန်သော ဆီတစ်ခုဖြစ်သည့်အတွက် နေကြာကိုစိုက်ပျိုးသင့်ကြောင်း ပြည်တွင်းစားသုံးဆီ သုံးစွဲမှုအနေဖြင့် လူတစ်ဦးလျှင် တစ်နှစ်ကို ဆီစားသုံးမှု ၉ ပိဿာနှုန်း စားသုံးမှုရှိပါက ပြည်ပသို့ ဆီထွက်သီးနှံ တင်ပို့ခြင်းမပြုဘဲ ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံအားလုံးကို ဆီကြိတ်နိုင်မည်ဆိုလျှင် ဆီဖူလုံမှုမှာ ၁၀၇ ရာခိုင်နှုန်းရှိသည်။ ဆီထွက်သီးနှံ ပြည်ပတင်ပို့မှုကို နုတ်ဖယ်ပြီးတွက်ချက်ပါက ဆီဖူလုံမှု ၉၆ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ အခြား ဆီထွက်သီးနှံများနှင့် နှိုင်းယှဉ်ပါက ဆီထွက် ရာခိုင်နှုန်းပိုမိုများပြားခြင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း စသည့်အားသာချက် များကြောင့်လည်း တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်သင့်ကြောင်းကို နေကြာစိုက်တောင်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

DOCA( ဧရာဝတီ )