
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန ၊ လူထု အခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အသိပညာပေး Talk Show ကို (၁၇-၁၂-၂၀၂၄)ရက်နေ့ နံနက် ၁၀ နာရီ တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာန၏ ဈေးကွက် ရောက် ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်း ရည်ရွယ်ချက် စားသုံးသူများကို ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် မျှတသော ယှဉ်ပြိုင်မှုဖြစ်ပေါ်စေခြင်း၊ ယုံကြည် စိတ်ချရသော စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းဖြစ်ကြောင်း ဈေးကွက်စောင့်ကြည့် သည် ကုန်စည်(၈)မျိုး အကြောင်းနှင့် ဦးစားပေးကုန်စည်(၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အကြောင်းကို ရှင်းလင်းဆွေး နွေးပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကို စစ်ဆေးရာတွင် စားသုံးသူများ အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း ကိုလည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၉ ကုန်စည် အုပ်စု ၈မျိုး၏ ကုန်အညွှန်းအမှတ်အသား လွယ်ကူစွာဖော်ပြနိုင်ရန် ထုတ်ပြန်ထားခြင်း အကြောင်းကို လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ ကို စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေး အတွက် ထုတ်ပြန်ခဲ့ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင် သိရပါသည်။
DOCA(ဧရာဝတီ)