Main menu

ပန်းတနော် ဖိုးလမင်း ဆန်စက်အား ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန်ဈေးကွက် အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဖိုးလမင်းဆန်စက်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက (၁၈.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဆန်စက်လုပ်ငန်းရှင် နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် ဈေးကွက် အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ သည်။

            စစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဖိုးလမင်း ဆန်စက်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန်စက်ပိုင်ရှင်အား ဒေသစိုက်ပျိုးသော စပါးထွက်ရှိပြီဖြစ်၍ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်ပတင်ပို့မှု တိုးတက် ရေး အတွက် ဆွေးနွေးခြင်း၊ ဆန်စက်တွင် လက်ရှိ စပါး၄၃၀၀ တင်းရှိပြီး ဆန်ကြိတ်ခွဲလျက်ရှိ ကြောင်းနှင့် ဆန်တစ်နေ့ကို တန် ၄၅တန် ကြိတ်ခွဲလျှက်ရှိပြီး တစ်လကို တန် ၁၀၀၀၀ ကြိတ်ခွဲနိုင် ကြောင်း၊ဆန်များကိုရန်ကုန်သို့တင်ပို့လျှက်ရှိပြီးထုတ်လုပ်မှုနှင့်ပြည်တွင်းပြည်ပ ဈေးကွက်  အခြေအနေ အလားအလာကောင်းများကို ဆွေးနွေးခြင်း၊ ဆန်စက်ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)