Main menu

ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

Powered by Drupal

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး အတွက် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၆.၁၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်း စနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

          မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက ဘီးလင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံး၊ သမဝါယမဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံးများသို့ သွားရောက်၍ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား သုတ/ ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ပြန်လည်အပ်နှံသည့်စာအုပ်များ သိမ်းဆည်းပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ဘီးလင်းမြို့နယ်အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့လာရောက်နိုင်ခြင်းမရှိသူများအတွက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မွန်)