Main menu

ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

Powered by Drupal

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြသခြင်းကို (၁၈.၁၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးရှေ့၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက ဈေးသူ၊ ဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ပုံများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပုံ များကို လက်တွေ့သရုပ်ပြခဲ့သည်။ အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ နှင့်သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေယုအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်လှထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဈေးသူ၊ ဈေးသားများက မီးငြိမ်းသတ်ပုံများနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပုံများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)