Main menu

မုဒုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

၁၈.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဈေးကွက်အတွင်း ရောင်းချနေသော Lifeboy ဆပ်ပြာခဲ၊ Parrot ဆပ်ပြာခဲ၊ LUX ရေချိုးဆပ်ပြာရည်၊ Family Care ရေချိုးဆပ်ပြာရည်၊ Goat Milk ရေချိုးဆပ်ပြာရည်၊ E-LAN ဆပ်ပြာမှုန့်၊ Rose ဆပ်ပြာမှုန့်၊ Win ဆပ်ပြာမှုန့်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ၎င်းဆပ်ပြာရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ရောင်းချရန် အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)