Main menu

ပို့ကုန် ၂ ဆ တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Powered by Drupal

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက် နေ့လယ် (၁၂:ဝဝ)နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂၊ ရုံးအမှတ် (၃) နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ပို့ကုန် ၂ ဆ တိုးမြှင့်တင်ပို့နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် ကုန်သွယ်ရေးဦးစီးဌာန၊ နယ်စပ် စခန်းမှ တာဝန်ခံများ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဉီးစီးမှူးများ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ စီးပွားရေးသံမှူးများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပို့ကုန် ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်း ပြောကြားခြင်း၊ မြန်မာနိုင်ငံပို့ကုန်အသင်းအဖွဲ့များက ပြည်ပသို့ တင်ပို့နိုင်မည့် သီးနှံများနှင့် ဈေးကွက် အလားအလာများ ဆွေးနွေးတင်ပြခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယဝန်ကြီးများက ပို့ကုန်တင်ပို့နိုင်မည့် အခြေအနေများအား ဆွေးနွေးတင်ပြခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် စီးပွားရေးရာဝန်ကြီးများက အဓိက စိုက်ပျိုးထွက်ရှိ သည့် ဒေသထွက်သီးနှံအမယ်များအလိုက် ပို့ကုန်မြှင့်တင်နိုင်မည့်အခြေအနေများအား ဆွေးနွေး တင်ပြခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)