Main menu

ဖောင်းပြင်မြို့နယ် (အ.ထ.က)အထက်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဖောင်းပြင်  မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် ဒီဇင်ဘာလ ( ၁၉ ) ရက်နေ့ နံနက်( ၁၀ : ၃၀ )နာရီအချိန်၌  ဖောင်းပြင်မြို့နယ်တာဝန်ခံ ဉီးကျော်သန်းစိန်(ဒု-ဦးစီးမှူး)မှ (အ.ထ.က)အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၇ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၈၀ ) ဦး၊ စုစုပေါင်း ( ၈၇ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲ၌ ဖောင်းပြင်မြို့နယ် အင်ကြင်းမြိုင်ရပ်ကွက်ရှိ (အ.ထ.က) အထက်တန်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ဌေးဌေးရီက အဖွင့်အမှာစကားပြောကြားပြီး ဖောင်းပြင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဉီးကျော်သန်းစိန် (မြို့နယ်တာဝန်ခံ) မှ  စားသောက် ကုန်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း နှင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် သတိပြုရမည့်၊ ရှောင်ရန်ဆောင်ရန် အချက်အလက်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)