Main menu

ကန့်ဘလူမြို့နယ်တွင် မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ထိန်သဇင်”မုန့်လုပ်ငန်းရှင်နှင့် ကွင်းဆင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် လုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊  စားသုံးသူများအနေ ဖြင့် ဘေးအန္တရာယ်ကင်းရှင်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို ရွေးချယ်ဝယ်ယူ စားသုံးနိုင်စေရန်အတွက် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြာဘာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက် ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ အခြားသက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)