Main menu

မအူပင် တက္ကသိုလ်တွင် တက္ကသိုလ်ဆရာမများအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာအကြောင်း ဟောပြောခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရှိ အဝေးသင်တက္တကသိုလ် ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် တက္ကသိုလ်နယ်မြေတွင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာအကြောင်း အသိပညာပေး ဟောပြောခြင်းကို ၁၉.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀၄၅)နာရီ အချိန်က အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြသည်၊

ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိအောင်ဟိန်း(အငယ်တန်းစာရေး)က  အွန်လိုင်း စနစ်ဖြင့်ရောင်းချသူများ(Online Sales) မှတ်ပုံတင် နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System အကြောင်းများကို ရှင်းလင်းဆွေးနွေးပြီး အွန်းလိုင်းစနစ်ဖြင့် ရောင်းချသူ လုပ်ငန်းရှင်များ က မှတ်ပုံတင်နိုင်ရေးလျောက်ထားပြီးမှ ကုန်စည်ကိုရောင်းချရမည်ဖြစ်သည့်အတွက် မအူပင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန ကလည်း အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်လုပ်ငန်းတွင် လိုအပ်သော မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရ မည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)၊ လုပ်ငန်း မှတ်ပုံတင် (အသစ်)လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့် များကို လုပ်ငန်းရှင်အား ရှင်းလင်းပြောပြခဲ့ပြီး လုပ်ငန်းရှင်တို့မှ မှတ်ပုံတင်လျှောက်ထားရာတွင် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံချက်၊ လုပ်ငန်းတည်နေရာမှန်ကန်ပါကြောင်း ရပ်ကွက်ထောက်ခံချက်၊ လုပ်ငန်း ပိုင်ရှင်၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ လုပ်ငန််းပိုင်ရှင်၏ မှတ်ပုံတင် အရှေ့အနောက်ဓါတ်ပုံ၊ ပါတ်စပိုစ့်ဆိုဒ် ဓါတ်ပုံ၊ လုပ်ငန်း၏ Logo ပုံ တို့ဖြင့်အတူ မှတ်ပုံတင် Certificate ရရှိသည်အထိ ကူညီဖြေရှင်းဆောင်ရွက်ပေးနေ ကြောင်းကို အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ/ဆရာမ ၈၂၀ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)