Main menu

MyRo တွင် မှတ်ပုံတင်နိုင်ရေး ဆန်စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

မြင်းခြံမြို့ရှိ  မြင်းခြံခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MDCCI) ခန်းမတွင်(၁၇.၁၂.၂၀၂၄)ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် မြင်းခြံမြို့ရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆန်စပါး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စနစ်တကျရှိစေရေးနှင့် သိုလှောင်ရုံများမှတ်ပုံတင်နိုင်ရေးတို့ အတွက် နွေးဆွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေ များနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-MyRo)အား အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန်(၂၅)တန်နှင့်အထက်၊ စပါးတင်း(၂၅၀၀)တင်း နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူလုပ်ငန်းရှင်များသည် MyRo တွင် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့နှင့်နောက်ပိုင်းတွင် www.myro.com.mm ၌ မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်(၂)ရပ်မှ တစ်ရပ်ရပ်ကိုဖြစ်စေ၊ နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ပါကြောင်းနှင့် အဆိုပါအမိန့်(၂)ရပ်မှာ  ပထမအချက်အနေဖြင့် စာဖြင့်သတိပေးခြင်း၊ ဒုတိယအချက်အနေဖြင့် ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက် မှတ်၊ လုပ်ကိုင်ခွင့်ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင်သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆန်စပါး လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါတွေ့ဆုံပွဲသို့ ဆန်စပါးလုပ်ငန်း ရှင်(၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။      

DOCA(မန္တလေး)