Main menu

မြင်းခြံမြို့ရှိ ပဲကြော်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၇.၁၂.၂၀၂၄) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ ပဲကြော်လုပ်ငန်းများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပဲကြော်လုပ်ငန်းများ တွင် နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသော လုပ်ငန်းသုံးစားအုန်းဆီ များကို လုပ်ငန်းခွင်များတွင် အမှန်တကယ်သုံးစွဲမှု ရှိ/မရှိ၊ မှန်ကန်စွာသုံးစွဲနိုင်ရေး၊ လုပ်ငန်းခွင် များတွင် သန့်ရှင်းမှုရှိစေရေး၊ ထုတ်လုပ်သော ကုန်စည်များနှင့်ပတ်သက်၍ ဖော်ပြပါဝင်ရမည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေး တို့အတွက် စိစစ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များမှ မိမိတို့ထုတ်လုပ်သော ကုန်စည်များနှင့် ပတ်သက်၍ ဥပဒေများနှင့်အညီ ထည့်သွင်းဖော်ပြနိုင်စေရေးအတွက် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြန်လည်ရှင်းလင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)