Main menu

စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေး ရာ ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် စံပြရပ် ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။

          အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများ အကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC)ရုံးများတွင်တိုင်ကြားနိုင်ပါကြောင်း၊ အွန်လိုင်းမှလည်းတိုင်ကြား နိုင်ပါကြောင်း၊ Consumer Call Center နံပါတ် ၁၅၃၅ သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်းတိုင်ကြားနိုင် ပါကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်းကောင်း ဝင်ရောက် ကြည့်ရှု့လေ့လာနိုင် ကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ထားအိဝင်းက အစားအသောက်များတွင်ပါဝင်သည့် ဆိုးဆေးများအန္တရာယ်နှင့် ဖြစ်ပွားနိုင်သည့်ရောဂါများ အကြောင်းကိုလည်းကောင်း ရှင်းလင်းဟော ပြောခဲ့ပါသည်။

          ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီး ဒေါ်မေသက်နွယ် မှ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာများနှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ရှိန် မြှင့်တင်ရေး၊ စာဖတ်ရှု့လေ့လာခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ အကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းသို့ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဦးသိန်းတန်၊ ကျောင်းအုပ် ဆရာကြီး ဦးတင်မောင်ဝင်းနှင့် Grade 10 မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)