Main menu

“ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ Myro တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်း အသိပေး”

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည် ၊ စဉ့်ကိုင်၊ မြစ်သား ၊ တံတားဦးမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား Myro တွင်မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းအသိပေးခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးဌာနအနေဖြင့် ဆန်စပါး သိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို (၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန် (၂၅)တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျောက်ထားရမည်ဖြစ်ကြောင်း ၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့နောက်ပိုင်းတွင် www.myro.com.mm ၌ မှတ်ပုံတင်လျောက်ထားမှု မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား စာဖြင့် သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းလိုင်စင် ၊ မှတ်ပုံတင်လက်မှတ် ၊ လုပ်ကိုင်ခွင့်ယာယီပိတ်သိမ်းခြင်း ၊ လိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်ရန်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များ အား ကွင်းဆင်းအသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)