ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ဈေးဝယ်စင်တာများနှင့် ဈေးများရှိ ကြက်ဥ၊ ဘဲဥ၊ ဆန် အရောင်းဆိုင်များ၌ ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာ အုပ်ချုပ်ရေးမှုးရုံး၊ စည်ပင်သာယာရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကိုယ်စားလှယ် များဖြင့် ဆိုင်/မြို့နယ် ကော်မတီများဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးကြပ်မတ်သွားရန်နှင့် ကုန်ဈေးနှုန်းများလိုအပ်သည်ထက် ပိုမိုမြှင့်တင်ရောင်းချ မှုမရှိစေရေး (၂၀.၁၂.၂၀၂၄)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ အထွေထွေအုပ်ချုပ် ရေးအစည်းဝေးခန်းမ၌ အရောင်းစင်တာနှင့်ဈေးများရှိ အရောင်းဆိုင်ကိုယ်စားလှယ်တာဝန်ရှိသူများကို ဖိတ်ကြားတွေ့ဆုံ ပြောကြားခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာ၌ ဖွဲ့စည်းထားသည့် ခရိုင်ကွင်းဆင်းကြပ်မတ်စစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူးမှ Shopping malls၊ City Market နှင့် စတိုးဆိုင်၊ အရောင်းဆိုင်လုပ်ငန်းများ မှ တာဝန်ရှိသူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် အခြားစားသောက်ကုန်များကို လိုအပ်သည်ထက်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ ခရိုင်/မြို့နယ် ကော်မတီဝင်များဖြင့် ဖွဲ့စည်းဆောင်ရွက်ရမည့် အခြေအနေ များ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုမြှင့်တင် ရောင်းချခြင်းမပြုရန်မှာကြားခဲ့သည်။ ဆက်လက်၍ အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ များမှ လက်ရှိကာလအတွင်း ကြက်ဥ၊ ဘဲဥ နှင့် အခြေခံစားသောက်ကုန်များကို အခြေခံ လူတန်းစားများ သင့်တင့်သောဈေးဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွေးမြူရေးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှလည်း ဈေးကွက်အတွင်း ကုန်ဈေးနှုန်း ကောက်ယူ တင်ပြ နေမှုများ ၊ စားသောက်ကုန်ပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း ၊ သယ်ယူပို့ ဆောင်ခြင်းများတွေ့ရှိပါက အရေးယူနိုင်ကြောင်း ၊ အခြေခံလူတန်းစားများ၏ စားသောက်ကုန်များအား သင့်တင့်သောအမြတ်နှုန်းဖြင့်သာ သတ်မှတ်ရည်ညွှန်းဈေးများအပေါ် အမြတ်တင်ရောင်းချပေးကြရန် တို့ကိုဆွေးနွေးပြောကြား ခဲ့ပါသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်အုပ်ချုပ်ရေးမှူးမှ ခရိုင်/မြို့နယ် ကော်မတီဝင်များ ကွင်းဆင်းကြပ်မတ်စစ်ဆေးသွားရန်နှင့် ကုန်ဈေးနှုန်းများလိုအပ်သည်ထက် ပိုမိုမြှင့်တင် ရောင်းချနေမှုများတွေ့ရှိပါက တိုင်းဒေသကြီးအဖွဲ့သို့ တင်ပြလမ်းညွှန်မှုခံယူသွားရန်တို့ကို ပြော ကြားခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ သင်္ဃန်းကျွန်းခရိုင်အတွင်း မြို့နယ်(၄)မြို့နယ်ရှိ ဈေးဝယ်စင်တာ၊ အရောင်းဆိုင်များမှ တာဝန်ရှိသူ(၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
DOCA(ရန်ကုန်)