Main menu

တိုက်ကြီးမြို့နယ်၊ အ.မ.က(ဆင်ကူး)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တိုက်ကြီး မြို့နယ်ခွဲ တာဝန်ခံသည် ၁၉.၁၂.၂၀၂၄ ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် တိုက်ကြီးမြို့နယ်၊ အ.မ.က(ဆင်ကူး) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူများအား အစားအသောက်များဝယ်ယူ စားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားပါသော အစားသောက်များသာ ဝယ်ယူစားသောက် ရန်၊ သက်တမ်းကုန်ဆုံးရက်စွဲပါ ရှိ/မရှိ၊ ပါဝင်ပစ္စည်းနှင့် ဓါတ်မတည့်မှုများ မဖြစ်ပေါ်စေရန် ပါဝင်ပစ္စည်း ဖော်ပြထားမှုရှိ/မရှိကို စစ်ဆေးပြီးမှ ဝယ်ယူစားသောက်ရန် ကျောင်းသား/ ကျောင်းသူများအား ပြောကြားခဲ့ပြီး ဆရာ/ဆရာမအား ကျောင်းမုန့်ဈေးတန်းတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော အစားအသောက်များနှင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများသာ  ရောင်းချစေရန် စိစစ်ကြပ်မတ်ရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၆)ဦး၊ ကျောင်းသား/ကျောင်းသူ (၉၆)ဦး စုစုပေါင်း (၁၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)