၂၆.12.2024 ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး) ၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည် တာမွေ(Orange) အတွင်းရှိ အလှကုန်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် Bella၊ Doaru၊ Now How၊ OLAY၊ NOURISHING NIGHT OIL(NNO) အစရှိသည့် အလှကုန်အမျိုးမျိုးတို့တွင် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)