Main menu

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ထားဝယ်အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်‌ရေးအစည်းအ‌ဝေးသို့ တိုင်း‌ဦးစီးမှူးမှတက်ရောက်ခြင်း

Powered by Drupal

  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ထားဝယ်အထူးစီးပွားရေးဇုန်သို့ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရေး ကြိုတင်ညှိနှိုင်း  အစည်းအဝေးအား ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

            အစည်းအဝေးတွင်  ဥက္ကဋ္ဌမှ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရာတွင် တိုင်းဒေသကြီးတိုးတက် အောင်မြင်ခြင်းဖြင့် တိုင်းပြည်စီးပွားရေးတိုးတက်ဆောင်ရွက်နိုင်ရန်၊ တိုင်းဒေသကြီးနှင့်ကိုက်ညီသော အကြီးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများကို ဖိတ်ခေါ်နိုင်ရေးအတွက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များကလည်း ညှိနှိုင်းဆောင်ရွက်ပေးပါရန် အမှာစကားပြောကြားပြီး တက်ရောက်လာ သော အဖွဲ့ဝင်များမှလည်း ပြန်လည်ဆွေးနွေးခဲ့ကာ  အစည်းအဝေးအား နေ့လည်(၁၂:၀၀)နာရီ အချိန် တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)