ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့နှစ်သက်စွာ စားသုံးသော သီးနှံဖြစ်ပြီး ကောက်ရိုးမှို စိုက်ပျိုးခြင်းသည်မြန်မာလူမျိူးတို့နှင့် မစိမ်းပါ။ သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုး ပြတ်ပုံ ၊ နှမ်းပြောင်းပုံ၊ ဂုန်လျှော်အဆွေးပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက် လာသည်ကို တွေ့ရတတ်ပေသည်။
ကောက်ရိုးမှိုသည် စတင်စိုက်ပျိုးပြီး (၇-၁၀)သားအရွယ်တွင် ဆန်ကွဲစေ့သဏ္ဌာန် မှိုသန္ဓေခဲလေးများကို စမြင်ရပြီးနောက်ထပ် (၃-၅) ရက်အတွင်း ခူးဆွတ်နိုင်သော မှိုငုံကြီးများ အဆင့်သို့ရောက်ရှိပြီး(၃)ရက်ခန့်ဆက်တိုက် နှုတ်ယူရောင်းချနိုင်သည်။ ထားဝယ်ဈေးကွက်၌ ဒီဇင်ဘာလနောက်ဆုံးအပတ်၌ ကောက်ရိုးမှိုဈေးနှုန်း ကောင်းမွန်လျက်ရှိပြီး ၁ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(နင်္သာရီ)