မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၆.၁၂.၂၀၂၄ ရက်နေ့ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်၍ ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာ များ၊ဆီအသင်းအဖွဲ့များနှင့်ဆီစက်ချေးငွေရယူထားသော လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါတယ်။ ပြည်ပမှစားသုံးဆီတင်သွင်းမှုလျော့ကျစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ဒေသတွင်း ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆီစက်များအနေဖြင့် ပြည်တွင်း စားသုံးဆီဖူလုံစေရေးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ချေးငွေထုတ်ချေးထားသော ဆီစက်လုပ်ငန်းများ၏ လိုအပ်သည့်ခွင့်ပြုလက်မှတ်များရရှိရေး၊ သက်ဆိုင်ရာဌာနအလိုက် ချိတ်ဆက်ဆောင်ရွက်မည့်ကိစ္စများ၊ဆီစက်လည်ပတ်ရေးအတွက် Solar တပ်ဆင်လိုသည့် ဆီစက်များ ချေးငွေရရှိရေးကိစ္စ နှင့် စားသုံးဆီအမျိုးမျိုး၏စျေးကွက်စျေးနှုန်းသတင်းများတရားဝင်ထုတ်ပြန်နိုင်ရေးအတွက် စားသုံးဆီ ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ကြရန်နှင့် ဆီအသင်းများအနေဖြင့် အသင်းအဖွဲ့စည်းမျဉ်း တို့နှင့်အညီ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သူ(၂၇)ဦးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)