စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၂၄.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနတို့နှင့် အတူ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် ထူးကြီးဈေးအတွင်းရှိ ဆေးမျိုးစုံ အရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့် ပြတ်လပ်မှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ရန်ကုန်၊ ပုသိမ်၊ ဟင်္သာတကုမ္ပဏီဆေးဆိုင်များမှ မှာယူရောင်းချပြီး အိမ်သုံးဆေးဝါးဝယ်ယူရာတွင် ကာလတန် ကြေးဈေးနှုန်းဖြင့် အဓိကဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ဆေးဆိုင်လုပ်ငန်းရှင်များမှ ပြန်လည်ဆွေးနွေးခဲ့ပြီး ဆေးအရောင်းဆိုင် (၅)ဆိုင်အား ဈေးကွက် စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)