Main menu

ပွင့်ဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၃.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ ၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံမှ စားသုံးရန်မသင့်သည့် အစားစာများအကြောင်း ကုန်စည်များကို ရွေးချယ် ဝယ်ယူစားသုံးရာတွင် ပါဝင်သည့်ကုန်အညွှန်းအမှတ်အသားကို သေချာစိစစ်၍ ဖတ်ရှုဝယ်ယူသုံးစွဲကြ ရန်နှင့် ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် စားသုံးဆီများကိုလည်း လျော့ချစားသောက်ခြင်းအားဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေ ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Centre (1535)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (မကွေး)