မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ မြို့မဈေးတွင် (၂၃.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရေးအတွက် ရည်ရွယ်၍ ပွင့်ဖြူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ဈေးကော်မတီဝင်များနှင့် အတူပူးပေါင်း၍ ပလတ်စတစ်သုံးစွဲမှုလျှော့နည်းစေရေး အသိပညာပေးခြင်းနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ် အိတ်အစား အင်ဖက်၊ ငှက်ပျော်ဖက်၊ ကြာဖက်နှင့် သတင်းစာစက္ကူများ အစားထိုးသုံးစွဲခြင်းဖြင့် တနင်္လာနေ့အား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချပေးရေးနေ့အဖြစ် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ပေးကြပါရန် အသိပညာပေးခြင်းနှင့် ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်တာဝန်ခံမှ ပွင့်ဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ပါဝင်ခြင်း ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)