Main menu

ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စားသုံးသူများ ဘေးကင်းလုံးခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍(၂၄.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးစတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

      ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)