Main menu

ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်ရှိ “ငွေတံခါး” သောက်ရေသန့်လုပ်ငန်းရှင်အား ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်လာစေရေး တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေး ဥပဒေပါစားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာစေရန်အတွက်  (၂၄.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဂန့်ဂေါ ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာမပါရှိသည့် စားသောက်ကုန် များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်လာစေရေး အတွက် ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်ရှိ “ငွေတံခါး” သောက်ရေသန့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

          ဂန့်ဂေါမြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒ(၂၀၁၉)၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက် အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက် ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွား ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေး ယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွား ရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ပေးစေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)