Main menu

အသေးစားအလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ထွန်းသစ်စ ဒစ်ဂျစ်တယ်မာကက်တင်း ဈေးကွက်

Powered by Drupal

အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး လုပ်ငန်းများ၏ ဈေးကွက်ရရှိစေရန် ဈေးကွက်ရှာဖွေခြင်း၊ အရောင်းမြှင့်တင်ခြင်း နည်းလမ်းများ သည်လည်း MSMEs ကဏ္ဍတွင် အဓိကအရေးကြီးသော အခန်းကဏ္ဍတစ်ရပ် အဖြစ် ပါဝင်ပါသည်။ ထုတ်လုပ်သည့်ပစ္စည်းမည်မျှ အရည််အသွေးကောင်းသည်ဖြစ်စေ၊ စားသုံးသူသိရှိမှု နည်းပါးပါက လုံလောက်ထိရောက်သောအောင်မြင်မှုများ ရရှိနိုင်မည်မဟုတ်ချေ။ ယနေ့ခေတ် တွင် နည်းပညာသစ်များပေါ်ပေါက်လာပြီး ကုန်ပစ္စည်းဈေးကွက်ရှာဖွေရှာတွင် ယခင်ကကဲ့သို့ သမရိုးကျနည်းလမ်းဟောင်းများအပြင် online ဖြင့် ဈေးကွက်ရှာဖွေခြင်းသည် ထိရောက်သော နည်းပညာတစ်ခုဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ကျယ်ပြန့်စွာအသုံးပြု လာကြသည့်စနစ်မှာ ဒစ်ဂျစ်တယ်မားကက်တင်း ခေါ် အွန်လိုင်းဖြင့်ဈေးကွက်ရှာဖွေနည်း တစ်မျိုးဖြစ်သည်။ သမရိုးကျရောင်းချလျင် လူတစ်ဦးသာသိရှိနို်ငသည့်အခြေအနေမှ အွန်လိုင်း အသုံးပြု၍ ရောင်းချပါက လူတစ်သောင်း၊ လူတစ်သိန်းသိရှိနိုင်သည့်အခြေအနေထိ ဈေးကွက်ရှာဖွေနိုင်သည့် စနစ်ဖြစ်သည့်အတွက် ယနေ့ခေတ်တွင် MSMEs လုပ်ငန်းများ အားထားရာဈေးကွက်ရှာဖွေခြင်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။ဈေးကွက်တွင် အသုံးပြုမှု များပြားလာသည်နှင့်အမျှ သမရိုးကျ စီးပွားရေးလုပ်ငန်းများတွင်သာမက တရားမဝင် စီးပွား‌‌ေရး လုပ်ငန်းများတွင်ပါ အသုံးပြုလာကြသည့်အတွက်  နည်းမှန်လမ်းမှန် အသုံးပြုနို်င စေရေး ကမ္ဘာတွင်ရော/မြန်မာမှာပါ သက်ဆိုင်ရာ အစိုးရအဖွဲ့စည်းများမှ ဥပဒေ/ နည်းဥပဒေ များဖြင့် ထိန်းကျောင်းလျက်ရှိပြီး ဒစ်ဂျစ်တယ်မားကက်တင်းစနစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်လာစေရေး  လုပ်ဆောင်လျက်ရှိကြပါသည်။

မြန်မာနိုင်ငံတွင်လည်း ယခုအခါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ ဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ထားပြီး  ယင်းအမိန့်အရ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်မှာ မှတ်ပုံတင်လက်မှတ်ရရှိသူသည် ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရမည်၊ ရောင်းချသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အရောင်းပြေစာပေးအပ်ရမည်၊ ရောင်းချသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်များ ပေးအပ်ရမည်၊ ရောင်းချသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအတွက် ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားစာရင်းတွင် ပါဝင်ခြင်းမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ် ရောင်းချခြင်းကို ရှောင်ကြဉ်ရမည်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတစ်ဆင့် နိုင်ငံရေးကို ရည်ရွယ်၍သော်လည်းကောင်း၊ အများပြည်သူ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ပျက်ပြားစေရန် ရည်ရွယ်၍သော်လည်းကောင်း လှုံ့ဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အားပေးမှုနှင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်၊ ပွင့်လင်းမြင်သာမှု ရှိစွာရောင်းချရမည်၊ အစားအသောက် သို့မဟုတ် ဆေးဝါး သို့မဟုတ် ဆေးပစ္စည်း သို့မဟုတ် အလှကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ချမှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။  ယခုအခါ online registration လုပ်ငန်းစဉ်ကို စတင် အကောင်အထည်ဖော်လျက်ရှိပြီး စနစ်တကျမှတ်ပုံတင်ရောင်းချနို်ငစေရေး လုပ်ငန်း အဆင့်ဆင့် ကို  စီးပွားရေးနှင့်ကူးသန်း‌ေ‌ရာင်းဝယ်ရေး ဝန်ကြီးဌာနမှ အဓိကတာဝန်ယူပြီး ဆောင်ရွက် လျက်ရှိသည့်အပြင်  ယခုအခါ အွန်လိုင်းတွင်တရားမဝင်စီးပွားရေးလုပ်ငန်းများတွင် ထိန်း ကျောင်းနို်ငရန်အတွက်လည်း ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၁)ရက် နေ့တွင် ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဈေးကွက်ရှာဖွေခြင်းနည်းလမ်းများ နည်းမှန်လမ်းမှန်အသုံးပြုနို်ငပြီး အစိုးရ၊ ပုဂ္ဂလိက လက်တွဲညီညီဖြင့်  နည်းစနစ်ကျကျ ထိန်းကျောင်းနို်ငရေးလုပ်ငန်းစဉ်များ ပိုမိုဖွံ့ဖြိုး လာပြီး နိုင်ငံတကာနှင့်ယှဉ်ပြိုင်နေသော အားကောင်းသည့် အသေးစားအလတ်စား စီးပွာ‌ေးရးလုပ်ငန်းများ ထူထောင်နိုင်စေရေး  နိုင်ငံတော်အစိုးရဘက်မှလည်း လိုအပ်သည့် ဥပဒေ/နည်းဥပဒေများဖြင့် ထိန်းကျောင်းတည့်မတ်လျက်ရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များမှ လည်း အဆိုပါဥပဒေ/နည်းပဒေများကို တိကျစွာလိုက်နာနိုင်ပါက နိုင်ငံတကာနှင့်ယှဉ်ပြိုင်နို်င သော အောင်မြင်ခိုင်မာသည့်  အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် ရပ်တည် နိုင်ကြမည်ဖြစ်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)