Main menu

သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာနထောက်ခံ ချက်မရှိသော စားသုံးဆီများကို လစဉ် ကွင်းဆင်းစစ်ဆေးမှုကို စတိုးများ၊ shopping mall များ၊ mart နှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများနှင့်ပတ်သက်၍ (၉-၁-၂၀၂၅) ရက်နေ့တွင် ရွှေစင် Mini Mart နှင့် ဦးတင်ဝင်း ကုန်စုံရောင်းဝယ်ရေးဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး       စားသုံးသူရေးရာဦးစီးဌာနမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ရွှေစင် Mini Mart တွင် Meizan နေကြာဆီ၊ Duck အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီနှင့် Cook ပဲပိစပ်ဆီ၊ ဦးတင်ဝင်း ကုန်စုံဆိုင်တွင် ရွှေအုံ မြေပဲဆီနှင့် အမေထွား မြေပဲဆီများတွင် သက်ဆိုင်ရာဌာနထောက်ခံချက်များ ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များတွင်လည်း လစဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနထောက်ခံချက်များ ပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး မပါရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ များဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)