
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံများမှ သိုလှောင်ထားရှိသည့် ကုန်စည်များအား မအူပင်ကုန်လမ်း တစ်လျှောက် ကုန်သိုလှောင်ရုံနှင့် မအူပင် တိုးမြစ်ကမ်း တစ်လျောက်ရှိ မြစ်လမ်းကြောင်း ကုန်စည်သယ်ယူပိ့ဆောင်မှုလုပ်ငန်းများအား မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့မှ တာဝန်ရှိသူများက ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်မှု ပြုလုပ်ခဲ့ကြသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ ဆန်းပိုင်းက ကွင်းဆင်းစစ်ဆေးရာတွင် တရားဝင်တင်သွင်း ရောင်းချ လျက်ရှိ သည့်ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားသည် လုပ်ငန်းများတွင် တရားမဝင်ဆေးဝါးများ မှတ်ပုံ တင်ခွင့်ပြု ချက်အမှတ်မပါရှိဘဲ တရားမဝင် တင်သွင်းဖြန့်ချီ ရောင်းချခြင်း ရှိ/ မရှိကို သိုလှောင်ရုံများအား စစ်ဆေး ခြင်း၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အိမ်သုံးစက်ပစ္စည်းအမျိုးမျိုး တရားမဝင် တင်သွင်းသိုလှောင်ထားရှိမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် မအူပင်မြို့နယ်အတွင်း ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ကုန်စည်များအသုံးပြုနိုင်ရေး၊ မအူပင်တိုးမြစ်ကမ်းတစ်လျောက် လယ်ယာ ထွက်ကုန်များ တရားမဝင်သယ်ယူမှူ မရှိစေရေး စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ မျှတသည့် စီးပွားရေး ဈေးကွက် ယှဉ်ပြိုင်မှု စနစ်ကောင်းမွန်စေရေး တရားမဝင်ကုန်သွယ်မှုကိစ္စများကြောင့် မြို့နယ်တွင်း ကုန်ထုတ်လုပ် မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ထုတ်လုပ်နိုင်မှု အားနည်းမှု မရှိစေရန် ရည်ရွယ်၍ ရှောင်တခင်စစ်ဆေးခြင်းဖြစ်ပြီး လုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင်များ တရားမ၀င်တင် သွင်းဖြန့်ချီ နေသည့် ဆေးဝါးများနှင့် ကုန်စည်အမျိုးမျိုး ရောင်းချပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထူးစစ်ဆေးရေးအဖွဲ့မှ အသိပေးပြောကြားခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)