Main menu

အုတ်တွင်းမြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည့် မေလ ၉ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများသို့ သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချနေသော ပလာစတာများ၌ ဆေးဝါး မှတ်ပုံတင် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ဈေးကွက်အတွင်း စောင့်ကြည့်စစ်ဆေးရာတွင် အုတ်တွင်းပေါ်ရှိ အရောင်းဆိုင်ကြီး များ၌ ဆေးဝါး မှတ်ပုံတင်ထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိသော Bella Plus ပလာစတာ , Belladonna, Tiger Balm, Hansa Plast, , Capsium နှင့် Shin Way အမှတ်တံဆိပ် ပလာစတာများကို တွေ့ရှိရပါသည်။

             ဆက်လက်၍ မြို့နယ်တာဝန်ခံသည် ဆေးဆိုင်ပိုင်ရှင်များနှင့် အရောင်းဝန်ထမ်းများအား မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရှိသောဆေးဝါးများကိုသာ ရောင်းချကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)