မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများဘေးကင်းလုံခြုံရေး၊ ဈေးကွက်အတွင်းအရည်အသွေးပြည်မီသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းလာစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၂ ခုနှစ် ၊ မေလ (၁)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ဈေးကွက်အတွင်း ကုန်အမှတ် တံဆိပ်မျိုးစုံဖြင့် ရောင်းချလျက်ရှိသော စားသောက်ကုန်စည်နှင့် ဆေးနှင့်ဆေးဝါးပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၁၀)ကြိမ်ဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ်၊ ရေစကြိုမြိုနယ်တို့မှ မေလ(၃)ရက်နေ့တွင် မြို့မဈေး၊ ကျေးရွာ/ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၊ မကွေးမြို့နယ်မှ မေလ(၅)ရက်နေ့တွင် မကွေးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ပခုက္ကူမြို့နယ်မှ မေလ(၆၊ ၁၀၊ ၁၁) ရက်နေ့တွင် မြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များ၊ သရက်မြို့နယ်မှ မေလ(၈)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့်ရေနံချောင်းမြို့နယ်မှ မေလ(၁၁)ရက်နေ့တွင် မြို့မဈေးရှိ ကုန်စုံဆိုင်များအားလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များမှ အလေးထားလိုက်နာ ဆောင်ရွက်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)