၁၀-၁-၂၀၂၅ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး (လက်ထောက် ညွှန်ကြားရေးမှူး) သည် မြင်းခြံမြို့နယ်အတွင်းရှိ MSMEလုပ်ငန်းရှင်များအား Online Shopping လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဆွေးနွေးရာတွင် မြေပြင်စစ်ဆေးခြင်းနှင့်ပတ်သက်၍ မှတ်ပုံတင် လျှောက်ထားမှုအပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရောင်းချသည့် ကုန်စည်များသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ၊ ကုန်စည်နှင့်ဝန်ဆောင်မှု များသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ကန့်သတ်ထားခြင်းရှိမရှိနှင့် ဥပဒေနှင့်ငြိစွန်း ခြင်းရှိမရှိ၊ စားသုံးသူများ၏ လုံခြုံမှုကိုထိခိုက်စေခြင်းရှိမရှိ၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက် အပြည့်အဝပေးနိုင်မှုရှိမရှိ စသည်တို့ကို စေ့စပ်သေချာစွာ စစ်ဆေးရမည်ဖြစ်ပြီး Online System ဖြင့် ရောင်းချခြင်းလုပ်ငန်း များတွင် ရောင်းချသည့်ကုန်စည်အမျိုးအစားများနှင့် ဝန်ဆောင်မှုအမျိုးအစားများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိမရှိ စောင့်ကြည့်စစ်ဆေး ခြင်းနှင့် Online Systemဖြင့် ရောင်းချခြင်းလုပ်ငန်းတွင် ဦးစီးဌာနများ၏ အပြန် အလှန်ချိတ်ဆက် ဆောင်ရွက်နေမှုအခြေအနေများ၊ စားသုံးသူရေးရာဦးစီးဌာနအတွင်း ရုံးချုပ်၊ ပြည်နယ်/ တိုင်းဦးစီးမှူးရုံးများနှင့် စစ်ဆေးရေးအရာရှိများ၏ အခန်းကဏ္ဍများ၊ စစ်ဆေးရန်အချက်များ၊ စစ်ဆေးတွေ့ရှိချက်များအပေါ် ကွန်ရက်သဖွယ်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ စားသုံးသူထိခိုက်နစ်နာမှုများနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအပေါ် ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဆောင်ရွက်ရမည့် အခြေအနေများအား အသိ ပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသော MSMEလုပ်ငန်းရှင်များမှ သိရှိလို သည်များကို မေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။
DOCA(မန္တလေး)