၇.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင် နှင့် ဝန်ထမ်းများသည် Online Sales မှတ်ပုံတင်ထားသော ထာဝရ Online Sale လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်ဆင်းစစ်ဆေးခဲ့ရာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားလာသည့် အချက်များဖြစ်သည့် (၁)မှတ်ပုံတင်မည့်လုပ်ငန်းအမည် မှန်ကန်မှု၊ (၂)လုပ်ငန်းတည်ရှိရာလိပ်စာ မှန်ကန်မှု၊ (၃)လုပ်ငန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ် မှန်ကန်မှု၊ (၄)လုပ်ငန်း၏Logo၊ (၅)ကုမ္ပဏီမှတ်ပုံတင်(ရှိပါက)၊ (၆)SMEမှတ်ပုံတင်အမှတ် (ရှိပါက)၊ (၇)လုပ်ငန်းပိုင်ရှင်အမည်မှန်ကန်မှု၊ (၈)လုပ်ငန်းပိုင်ရှင်၏လိပ်စာမှန်ကန်မှု၊ (၉)လုပ်ငန်းပိုင်ရှင်၏ဖုန်းနံပါတ်မှန်ကန်မှု၊ (၁၀)လုပ်ငန်းပိုင်ရှင်၏မှတ်ပုံတင် မှန်ကန်မှု၊ (၁၁)နိုင်ငံသား/နိုင်ငံခြားသား မှန်ကန်မှု၊ (၁၂)မှတ်ပုံတင်လက်မှတ်လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ အမည်ပျက်စာရင်း (Black List) တွင်ပါဝင်ခြင်း မရှိကြောင်းထောက်ခံချက်၊ (၁၃)ရောင်းချနေသည့်ကုန်ပစ္စည်း/ ဝန်ဆောင်မှုအုပ်စု (တင်ပြစဉ် က ကုန်ပစ္စည်းအုပ်စု အတိုင်းကိုက်ညီမှု ရှိ/မရှိ)၊ (၁၄)ရောင်းချနေသည့် ကုန်စည်/ဝန်ဆောင်မှု သည်ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော(သို့) ကန့်သတ်ထားသော ကုန်စည် ဟုတ်/မဟုတ် (သို့)ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ ၊ (၁၅)ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ (၁၆)ရောင်းချနေသောကုန်စည်သည် ကိုယ်ပိုင်ထုတ်ကုန် ဟုတ်/မဟုတ်၊ (၁၇)ရောင်းချနေ သောကုန်စည်တွင် ပြည်တွင်း၌ထုတ်လုပ်/ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၏ လိပ်စာပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိနှင့် (၁၈)ရောင်းချနေသော ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြားစိစစ်တွေ့ရှိချက်များ ဟူသောအချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)