Main menu

ဘီးလင်းမြို့နယ်တွင် အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်

Powered by Drupal

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၉.၁.၂၀၂၅) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင် လွန်းသဒ္ဒါအောင် (ဒုရဲအုပ်)နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ရွှေစန္ဒာထွန်းစိုးတို့မှ လူကုန်ကူးမှုအကြောင်း အသိပညာပေး ဟောပြောခြင်း၊ လူကုန်ကူးမခံရအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် လူကုန်ကူးခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာ ပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်း မှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ (အ.ထ.က) ဘီးလင်းမှ ကျောင်းသား/ ကျောင်းသူ (၃၅)ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် (၁၅) ဦးတို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများကို မြို့နယ်အမျိုးသမီရေးရာ အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)