Main menu

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉.၁.၂၀၂၃)ရက်နေ့၊ နံနက်(ဝ၉:၀၀) နာရီအချိန် တွင် စားသုံးသူအခွင့်အရေးများသိရှိပြီး တောင်းဆိုတတ်စေရေးနှင့် ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူ ရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်များ သိရှိစေရေးရည်ရွယ်၍ ပခုက္ကူ မြို့၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များအကြောင်း၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်သည်လည်း အရေးပါကြောင်းနှင့် စားသုံး သူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းအရာ၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြားရမည့် နေရာများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် ရရှိရမည့်စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခြင်းနှင့် ဆွေးနွေး မေးမြန်းမှုများဆောင်ရွက်ခဲ့ပြီး ပြန်လည်ဖြေကြားမှုများအား အမှတ်တရဂုဏ်ပြုချီးမြှင့်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)