Main menu

ဆိပ်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှု ဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၉.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် မြို့နယ် ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ် ရေးဥပဒေရည်ရွယ်ချက်ပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ စားသုံးသူ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသေး စိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင်က ကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)