Main menu

ကျောက်ဖရုံသီးစားသုံးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးကောင်းကျိုးများ

Powered by Drupal

          ကျောက်ဖရုံသီးသည် အာဟာရဓာတ်ပြည့်ဝပြီး ဗီတာမင် B နှင့်Cအပြင် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်နှင့် အမျှင်ဓာတ်ကဲ့သို့ ခန္ဓာကိုယ်အတွက်လိုအပ်သော အရေးကြီးသတ္တုဓာတ် များကြွယ်ဝစွာပါဝင်ပါသည်။ ကယ်လိုရီပါဝင်မှုနည်းသည့်အတွက် ဆီးချိုသမားများအတွက် အကောင်းဆုံး စားစရာလည်းဖြစ်ပါသည်။ ကျောက်ဖရုံသီး စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်  လျော့ချရာတွင် အထောက်အကူပေးနိုင်သည်ဟု သိရှိရပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်အပူ ကိုငြိမ်းစေပြီး အဆိပ်တောက်ကိုလည်း ပြေစေပါသည်။ ကျောက်ဖရုံသီးဖျော်ရည် သောက်သုံးခြင်း  အားဖြင့် အစာအိမ်နာများအတွက် ကောင်းမွန်စေပါသည်။ ကျောက်ဖရုံသီး စားသုံးပေးခြင်းဖြင့် အစာအိမ်နာသက်သာစေခြင်း၊ အူတွင်းပိုးမွှားများ ကင်းရှင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

DOCA(ပဲခူး)