Main menu

တောင်ငူခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့်အတူ (၁၁.၁.၂၀၂၅)ရက်နေ့ နေ့လယ်ပိုင်း တွင်တောင်ငူမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့ လည်းကောင်း၊ ရေတာရှည် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်း ဆိုင်များသို့လည်းကောင်း သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှု အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              တောင်ငူခရိုင်အတွင်း ဆန်ပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍ ခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံနှင့် ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးပြီး ဈေးနှုန်းမြှင့် တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုရန် သက်ဆိုင် ရာလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပါသည်။

              တောင်ငူခရိုင်အတွင်းရှိ ဆန်ရောင်းချမှုမှာ ပုံမှန်အနေအထားအတိုင်းရှိကြောင်း၊ ဆန်စက် များအနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိခြင်းကြောင့် ပုံမှန်ကြိတ်ခွဲနိုင်မှုမရှိသဖြင့် သိုလှောင်ရုံများ တွင် ဆန်မြောက်များစွာသိုလှောင်ထားခြင်း မရှိကြောင်း၊ လက်ကျန်ဆန်များကို ဈေးကွက်သို့ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)