Main menu

Mediland Hospital တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများ ဟောပြောဆွေးနွေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ထားဝယ်မြို့ Mediland Hospital တွင် တာဝန်ခံဆေးရုံအုပ်ကြီးနှင့်တကွ ဆရာဝန်များ၊ ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂလိက ဝန်ထမ်းများအား တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူ ကာကွယ်ရေ ဥပဒေအကြောင်းသိကောင်းစရာများနှင့်Online မှရောင်းချရာတွင် Online မှတ်ပုံတင် လျှောက်ထားဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များအကြောင်းနှင့် အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ  ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ Online ဖြင့်ရောင်းချသည့် ကုန်စည်/ဝန်ဆောင်မှုများနှင့် ပတ်သက်၍ Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်နှင့် Online မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များနှင့် ပတ်သက်၍ အသိပညာပေး ဟော ပြောဆွေးနွေးခဲ့ကာ တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ  ဟောပြောပွဲအား (၁၄း၁၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)