
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း၊ အပြင်နှင့်ရပ်ကွက်များရှိ စားသုံးဆီအမျိုးမျိုးကိုဖြန့်ဖြူးရောင်းချလျှက်ရှိသော ကုန်ခြောက်ဆိုင် များသို့ ဇန်နဝါရီလ (၇)ရက်နေ့၊ နေ့လယ်(၁၁:၃၀)အချိန်တွင် ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ်စားသုံးဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့မစည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့သည် ကော့မှူးမြို့နယ်ဈေးကွက် အတွင်းရှိ ဖြန့်ဖြူးရောင်းချလျှက်ရှိသော စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစားအသောက် နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ရောနှောဆီ (Blended Oil) ထုတ်လုပ်၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အမိန့်စာအမှတ် (၂/၂၀၂၄) ဖြင့် (၂၉.၃.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် FDA ထောက်ခံချက်အပါအဝင် သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့်ပြည်တွင်းထုတ် အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် FDA ထောက်ခံရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း၊ အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက် ဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဗူးဆီများ တွင် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် FDA ထောက်ခံချက်အပြည့်စုံ ပါရှိသော ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ် စားသုံးဆီများကိုသာ ဖြန့်ဖြူး ရောင်းချပေးလျှက်ရှိကြောင်း သိရှိရသည်။
DOCA(ရန်ကုန်)