Main menu

တာမွေ (United Living Mall) အတွင်းရှိ ဆန်အမျိုးမျိုးအား သတ်မှတ်နှုန်းထားများအတိုင်းရောင်းချမှုရှိ၊မရှိ စစ်ဆေးခြင်း

Powered by Drupal

၃.၁.၂၀၂၅ ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး( ဌာနခွဲစာ‌ရေး) နှင့် ဝန်ထမ်းများသည် တာမွေ (United Living Mall) အတွင်းရှိ ဆန်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း Super Market ၊ Mini mart  များရှိ ဆန်ထုပ်ပိုးမှုပုံစံအမျိုးမျိုး 1 ကီလိုဂရမ်မှစ၍ 4၈ကီလိုဂရမ်  အထိ ဈေးကွက်အတွင်းရောင်းချနေသော ဆန်များတွင် 1 ကီလိုဂရမ်မှစ၍ 4၈ ကီလိုဂရမ်  အထိ ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ ၊ မရှိကို စစ်ဆေးခဲ့ပြီး ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် နှင့် တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်‌ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)