၆.၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး) ၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည် တာမွေ(United Living Mall) အတွင်းရှိ အလှကုန်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်များ ပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် Bella ၊ Doaru ၊ Now How ၊ OLAY ၊ NOURISHING NIGHT OIL(NNO) အစရှိသည့် အလှကုန်အမျိုးမျိုးတို့တွင် အမျိုးအမည် ၊ အသားတင်အလေးချိန် ၊ ထားသို သိမ်းဆည်းမှုအညွှန်း ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)