၃.၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဌာနခွဲစာရေး) ၊ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် တာမွေ (United Living Mall) အတွင်းရှိ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ သွားရောက်၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်နှင့် အသား တင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုး ကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်များ ပါဝင်မှု ရှိ/မရှိ တို့ကို ကွင်း ဆင်းကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ TM, WALCO, ငွေစင်ပုလဲ, PEP, DOUBLE COW စသည့်အမှတ်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိသည်ကို စစ်ဆေး တွေ့ရှိရပါကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)