Main menu

တာမွေ(ကျောက်မြောင်းစတိုး) ရှိ ကော်ဖီမစ်အမျိုးမျိုးအားကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

Powered by Drupal

၆.၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန် ထမ်းများသည် တာမွေ(ကျောက်မြောင်းစတိုး) ရှိ ကော်ဖီမစ်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အ တွက် ဈေးကွက်အတွင်း ရောင်းချနေသော ကော်ဖီမစ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်များ ပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် BEST ၊ PLATINUM ၊ HAPPY ၊ PREMIER ၊ Lovita အစရှိသည့် ကော်ဖီမစ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)